Mi Phone တွေကို Supersu Zip ဖြင့် Root ဖောက်နည်း


မင်္ဂလာပါ
Mi Phone တွေ ကို Root ဖောက်နည်းမလုပ်တက်သေးတဲ့သူများအတွက် Mi Phone တွေကို Root ဖောက်နည်းလေးကိုမျှဝေလိုက်ပါတယ်ခင်ဗျာ။
ဖုန်းကို Root လုပ်ခြင်းသည် ဖုန်း၏ Warrnty ကိုပျက်စေနိုင်ပါ၏ ။ မိမိဖုန်း Brick တစ်ခုခုဖြစ်သွားပါက (ကောင်းထက်စံနည်းပညာ) မှတာ၀န်မယူပါ ။ ဖုန်းကိုလို အပ်မှ Root လုပ်ပါ ။ဖုန်းကို Root လုပ်ခြင်းသည် data Easer ဖြစ်နိုင်တာမို့ Root မလုပ်ခင်အရင်ဆုံး data
Backup ယူ ထားပါ ။ မိမိမှာဖုန်းမှာ အား 50-60%ရှိထားဖို့လိုအပ်ပါတယ်။
Mi Phone တွေ Root လုပ်မယ်ဆိုရင် Mi Phone တွေမှာ Bootloder ဆိုတဲ့ lock စနစ်ကြီးပါ၀င်လာတဲ့အတွက် lock ြဖစ်နေတာကို Unlock လုပ်ပေးရပါမယ်။
လိုအပ်ချက်။
1.Mi Account ဖွင့်ထားဖို့လိုမယ်။
2. Unlock လုပ်ခွင့်တောင်းမယ်။
3. Xiaoimi USB Driver
4. Adb & Fastboot driver
5. Unlock လုပ်မယ်။
6.Twrp သွင်းမယ်။
7.Root Accept ရယူရန် SuperSu zip or ‌Magic zip
သွင်းမယ်။
အထက်ပါအချက်အလက်တွေပြည့်ဆုံပြီဆိုရင် Root ဖောက်လို့ရပါပြီ ။
(2) ။ Setting > Additional setting > Developer
Options >Mi Unlock status ကိုနှိပ်။ Add Account an device ကိုနှိပ်ပြီး  Unlocked လုပ်ခွင့်တောင်းပါ။ ပီးရင် ကွန်ပျူတာက Unlock Tool ကိုဖွင့်ပြီး  Bootloder Unlock လုပ်ပါ။
(3)။ Super su zip ကိုဖုန်းထဲသို့ကူးထည့်ထားပါ
(4)။ ဒေါင်းလို့ရလာတဲ့ Twrp recovery zip File လေးကို Zip ဖြည့်လိုက်ပါ ။ Zip ဖြည့်လို့ရလာတဲ့ twrp.img ကို Copy သို့မဟုတ် cut လုပ်ပြီး Adb &Fastboot Folder ထဲသို့ကူးထည့်လိုက်ပါ ။ ပီးရင် Xioami USB Driver Install မလုပ်ရသေးရင်လုပ်ပေးလိုက်ပါ ။
(5)။ ဖုန်းကို Power ပိတ်ပြီး Fastboot Mode ခေါ်ပါ Volume down +Power ကိုတွဲနှိပ်ပါ ။ ပီးရင် Ph & Pc jion ပေးလိုက်ပါ ။
(6)။ ကွန်ပျူတာက Adb &Folder ထဲကိုသွားလိုက်ပါ လွတ်တဲ့နေရာတစ်ခုမှာ keyboard ကနေ Shift ကိုနှိပ်ထားပြီး Rightclick ထောက် Open command windows Here ကိုနှိပ်။
(၁) ဖုန်းနဲ့ကွန်ပျူ တာ ချိတ်ဆက်မှုရှိမရှိကို စစ်မယ်
Fastboot devices ဆိုပြီးရိုက်ပါ
ဥပမာ -3ccfe fastboot ဆိုပြီပြရင် devices သိတယ်
(၂) Bootloder Unlock ဖြစ်မဖြစ်စစ်ကြည့်မယ်
Fastboot oem device-info ရိုက်ထည့်ပါ
Device unlocked မှာ True ပြရင် Unlocked ဖြစ်
False ပြနေရင် Unlocked မဖြစ်သေးပါ
(၃) Twrp recovey သွင်းမယ် ။ twrp.img ကို Adb Folder ထဲမှာ ကူးထည့်ထားဖို့လိုမယ်နော် မထည့်ထားလည်းရပါတယ် ။ Fastboot flash recovery TWRP.img လို့ရိုက်ထည့်ပါ ။ OKAY ပြရင် ရပါပြီ ။ အကယ်၍ မိမိက twrp.img ကို Adb Folder ထဲ့မှာ မထည့်ထားဘူးဆိုရင် Fastboot flash recovey လို့ရိုက်ထည့်ပြီး Twrp.img ကို ဆွဲထည့်ပေးလိုက်ပါ ။
ရိုက်ထည့်ရမည် Command လေးတွေက ဒါလေတွေပါ
Fastboot devices
Fastboot oem device-info
Fastboot flash recovery TWRP.img
(7)။ ဖုန်းကို Recovery Mode ခေါ်ပါ ။ Recovery Mode ခေါ်ရန် Volume up + Power ကိုနှိပ်ပါ ။
Team win recovery တက်လာရင်
Install နှိပ် > Supersu zip ရွေး >Switch to Confrom flash ကိုနှိပ် install လုပ်နေလိမ့်မည် ပြီးရင် Reboot System ကို နှိပ်ပေးလိုက်ပါ ။ Power ပြန်တက်လာရင် SuperSu လေးပေါ်လာပါလိမ့်မည်
မိမိဖုန်းကို Root Cheecker နဲစစ်ကြည့်ပါ Root ရှိနေတာကိုတွေရပါလိမ့်မည် ။
Adb ကနေ စစ်ချင်ရင် Adb devices ၊ adb shell ၊ Su နဲ့စစ်ကြည့်ပါ $ ကနေ #ပြောင်းသွားရင် Root ရှိ ။


















လိုအပ်တာကိုအောက်မှာဒေါင်းယူပါ။


အဆင်ပြေပါစေခင်ဗျာ
‌ကောင်းထက်စံ နည်းပညာ (ပုဂံသားလေး)







Comments