WIN RAR for PC 32 Bit & 64Bit all windows


မင်္ဂလာပါ
Zip ဖြည့်သောအခါဖြည့်မရဖြစ်နေ သူများ အတွက် နောက်ဆုံးထွက် Update Win RAR 5.7 Full versions လေးကို Install လုပ်နည်းနှင့် အသုံးပြုနည်းလေးကို တင်ပေးလိုက်ပါသည် ။

ကွန်ပျူတာ သုံးတဲ့သူတိုင်း Win RAR Software လေးကို Zip ဖြည့် /Zip ချုပ်လုပ်ပြီ Password နဲ့ ထားချင်သူများအတွက် ဆောင်ထားသင့်ပါသည် ။
ကျွန်တော်တို့ Zip ချုပ်တာကတော့ ဥပမာ ပြောရရင် File Sizes ချုပ်လိုက်တာပါပဲ ။
ကွန်ပျူ တာထဲက ဖိုင်တွေအများကြီးကို ဖိုင်တစ်ခုတည်း ဖြစ်အောင် Zip ချပ်လိုက်တဲ့ သဘောပါ ။

Zip ဖြေတာလည်း ထိုနည်းတူစွာပါဘဲ Zip ဖိုင်တစ်ခုကိုဖြေလိုက်ရင်ဖိုင်တွေအများကြီးဖြစ်လာမယ်
ကွန်ပျူတာ Hard drive တွေမှာ Data တွေ ထည့်စရာ နေရာလွတ် မကျန်တော့ဘူး ဆိုရင် File Size ကြီးတဲ့ Folder တွေကို Zip File အဖြစ် အသုံး ပြု ကြပါတယ် ။ ဘာလိုလဲဆိုတော့ File Size ကြီး တဲ့ Folder တွေကို zip File အဖြစ် အသုံးပြုတဲ့အခါ မှာ Harddrive မှာ Data သိမ်းဆည်း ရန် နေရာလွတ် ရရှိနိုင်ပါတယ်
WinRAR နဲ့ Zip ချုပ်တာကတော့ လူတိုင်းနည်းပါလို့ လုပ်တက်ပါတယ် ။
ပထမဆုံး Zip ချုပ်ချင်တဲ့File, Folder ပေါ် Right Click နှိပ်ပါ။ ပီးရင်  Add To Archive ကို နှိပ်ပါ ။ ပီးရင် Box တစ်ခုကျလာပါ လိမ့်မယ်။  zip ဖိုင်သိမ်းထားမယ့်Zip နေရာကို Browse ကို နှိပ်ပြီးရွေးပါ။ မိမိကြိုက်တဲ့နာမည်ပေးပါ။ Password
ပေးထားချင်ရင် Set Password ကို နှိပ်ပါ။ အားလုံးပြီးသွား ရင် တော့ Ok ပေးလိုက်ပါ ။
မိမိရွေးလိုက်တဲ့ ဖိုင်၊ ဖိုဒါက Zip နဲ့ချုံ့ပြီးသွားပါပြီ။
ဒါဆိုရင် မိမိ မူရင်းFile နဲ့ Zip ချုပ်ပြီး သားFile ကို Right Click > Properties နှိပ်ပြီး နှိုင်းယှဉ်  ကြည့်ပါ ။ Zip ချုပ်ပြီး သားFile က မူးရင် File ထက် File size နည်းနေတာကို တွေ့ရပါမယ် ။ zip ပြန်ဖြည့်လိုပါက


 Zip file / Rar file ဖြည်နည်း (4) နည်းရှိသည်။

Extract files
Extract Here
Extract to
Extract each

Extract File (Location တောင်းဖြည်ခြင်း။)

မိမိ ဖြည်ချင်သော Zip file / Rar file ကို Select မှတ်။
R- Click >> Extract file ကိုနှိပ်။
Box တတ်လာရင် မိမိ ထားချင်သော နေရာ (e.g Desktop,Local Disk D,Hard  Disk,etc…..) ရွေး ပြီးရင် Ok ကိုနှိပ်။

Extract file ရဲ့ အကျိုးသက်ရောက်မှုက Zip ချုပ်ထားတဲ့ အတိုင်း ဖြည်ပေးသည်။

Extract Here ( ဒီနေရာမှာပဲဖြည်ပေးသည်။)

မိမိ ဖြည်ချင်သော Zip file / Rar file ကို Select မှတ်။
R- Click >> Extract Here ကိုနှိပ်။
Extract Here ရဲ့ အကျိုးသက်ရောက်မှုက Extract file လိုပဲ Zip ချုပ်ထားတဲ့ အတိုင်းဖြည်ပေးသည်။

Extract To ( ဒီနေရာမှာပဲ Folder လိုက်ဖြည်ခြင်း။)

မိမိ ဖြည်ချင်သော Zip file / Rar file ကို Select မှတ်။
R- Click >> Extract to ကိုနှိပ်။

Extract to ရဲ့ အကျိုးသက်ရောက်မှု က Zip ဖြည်ရင် Folder လိုက်ပဲဖြည့်သည်။

Extract  each ( ဒီနေရာမှာပဲ Folder လိုက်ဖြည်ခြင်း။) (တစ်ခုထက် ပိုပြီး ဖြည်ချင်ရင် သုံး။)

မိမိ ဖြည်ချင်သော Zip file / Rar file ကို Select မှတ်။
R- Click >> Extract each ကို နှိပ်။

(တစ်ခုထက်ပိုပြီး ဖြည့်ချင်မှသုံးသည်)
အားလုံးပဲအဆင်ပြေမယ်လို့ထင်ပါတယ်ခင်ဗျာ။

Win Rar for PC 32 Bit & 64 Bit
 File size 5.5MB 
အဆင်ပြေပါစေခင်ဗျာ
ကောင်းထက်စံ-နည်းပညာ

Comments